နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ဓာတ်နဲ့ စုဖွဲ့မှု၊ ခြေစွမ်းနဲ့ အစဉ်အလာ သိပ်မကွာကြတဲ့ ချက်နဲ့ ဒိန်းမတ်တို့ အကြိတ်အနယ် ကစားရမယ့်ပွဲ – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ချက် – ဒိန်းမတ်

ယူရို ၂၀၂၀ ကွာတားဖိုင်နယ် တတိယပွဲစဉ် အဖြစ် လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ချက်နဲ့ ဒိန်းမတ်တို့ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းအရပါ မာကျော ကျစ်လျစ်တဲ့ အသင်းတွေ ဖြစ်ပြီး ယူရိုချန်ပီယံ ၁ ကြိမ်စီ ဖြစ်ထားတဲ့ ချက်နဲ့ ဒိန်းမတ်တို့ဟာ လက်ရှိမှာ အသင်းကြီးတွေ မဟုတ်ကြပေမယ့် ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာတော့ သေချာပါတယ်။
 

 
ချက်တို့ရဲ့ လက်ရှိ ယူရို ၂၀၂၀ ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် အုပ်စု အဆင့်မှာ အင်္ဂလန်၊ ခရိုအေးရှား၊ စကော့တလန် တို့လို အသင်းကောင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး စကော့တလန်ကို နိုင်၊ ခရိုအေရှားကို သရေ၊ အင်္ဂလန်ကို ရှုံးပြီး ဂိုးကွာခြားချက်ကြောင့် အကောင်းဆုံး တတိယအသင်း အနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့် မှာတော့ ခြေတက်နေတဲ့ နယ်သာလန်ကို မာမာထန်ထန် ကစားပြီး ကံတရားရဲ့ ဖေးမမှုကြောင့် ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး လက်ရှိမှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ ချက်ကို အသင်းလိုက် ကစားပုံကောင်းပြီး စည်းလုံးမှု ရှိရှိနဲ့ ပြိုင်ဘက်တွေ ခပ်မာမာ တုန့်ပြန် တတ်တဲ့ အသင်းလို့ပဲ ထင်ခဲ့ပေမယ့် တကယ်တမ်း ချက်မှာ ပက်ထရစ်ရှစ်၊ ဒါရီဒါ၊ ဆိုဖယ်၊ ဆိုရှက်ခ်၊ သောမက်စ် ဟိုးလက်စ် တို့လို တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းတဲ့ ကစားသမား ၇ ဦးလောက် အထိ ရှိနေတာ တွေ့ရပြီး ဂိုးသမား သောမက်စ် ဗက်စလစ်ခ် ကလည်း တော်တော်လေးကို လက်စွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ တစ်ဦးချင်းထက် အသင်းလိုက် ကစားပုံကောင်းပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ကစားနိုင်တဲ့ အသင်းက ချန်ပီယံ ဖြစ်တတ်တဲ့ အစဉ်အလာ ရှိခဲ့လို့ ယူရို ၂၀၂၀ မှာ ချက်ကို လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။ ချက်ဟာ စိတ်ဓာတ် မာကျောတဲ့ အသင်းပီပီ ပြီးခဲ့တဲ့ပွဲမှာ နယ်သာလန်လို အသင်းကြီးတစ်သင်းကို ဖြုတ်ချလာနိုင်တာကြောင့် လက်ရှိမှာ စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံးရောက်နေပါလိမ့်မယ်။ ဂျာရိုဆလက်ဗ် ရှဲလ်ဟာဗီ အနေနဲ့ Rhythm မိနေတဲ့ ပြီးခဲ့တဲ့ ပွဲတွေတုန်းက အဓိက ကစားသမားတွေနဲ့ ပဲ ဒိန်းမတ်ကို ရင်ဆိုင်လာမယ့် သဘော ရှိပါတယ်။ အရပ်အမောင်း မြင့်မားပြီး အမြင့်ဘော ကစားတဲ့ နေရာမှာ အားသန်တဲ့ ချက်တို့ ထုံးစံအတိုင်း ထောင့်ကန်ဘောတွေ၊ ကွင်းလယ်က တိုက်ရိုက် ကန်တင် ပေးပို့မှုတွေ၊ တောင်ပံက ဖြတ်တင်ဘောတွေနဲ့ပဲ ဒိန်းမတ် ခံစစ်ကို ခြိမ်းခြောက်လာမယ့် သဘောရှိပါတယ်။ တိုက်စစ်မှာ ကလည်း လက်ရှိ ယူရို ၂၀၂၀ မှာ ပေါ်တူဂီ တိုက်စစ်မှူးကြီး ရော်နယ်ဒို ပြီးရင် ၄ ဂိုးသွင်းထားတဲ့ ပက်ထရစ်ရှစ်ခ် ရှိနေလို့ ဒိန်းမတ်တို့ မဖြစ်မနေ သတိထားဖို့ လိုအပ်ပါတယ်။ 

တစ်ဦးချင်းထက် အသင်းလိုက် ကစားပုံကောင်းပြီး ဖြည်းဖြည်းနဲ့ မှန်မှန် ကစားနိုင်တဲ့ အသင်းက ချန်ပီယံ ဖြစ်တတ်တဲ့ အစဉ်အလာ ရှိခဲ့လို့ ယူရို ၂၀၂၀ မှာ ချက်ကို လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။
ယူရို ပြိုင်ပွဲသမိုင်းမှာ နှစ်ပွဲဆက် ၄ ဂိုးသွင်းထားနိုင်တဲ့ ဒိန်းမတ်

ဒိန်းမတ် ကတော့ အဖွင့်နှစ်ပွဲမှာ အမှတ်မရခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရုရှားကို ၁-၄ နဲ့ ဂိုးပြတ် အနိုင်ရပြီး ရှုံးထွက်အဆင့်ကို အုပ်စု ဒုတိယ နေရာကနေ တက်လှမ်းလာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အဲရစ်ခ်ဆင်ရဲ့ ဖြစ်ရပ်ကြောင့် အစောပိုင်းမှာ ပုံစံပျက်သွားတဲ့ ဒိန်းမတ်တို့ လျင်လျင်မြန်မြန်ပဲ ပြန်ရောက်လာနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ရှုံးထွက်အဆင့် မှာလည်း အဓိကကစားသမားတွေ ဖြစ်တဲ့ ဒန်နီဝက်စ်၊ ယူဆက်ဖ် ပိုလ်ဆင်တို့ ပါဝင်လာခြင်း မရှိပေမယ့် ဒိုးလ်ဘက်ဂျ်၊ ဂျိုအာကင်မ် မေးလ်တို့ရဲ့ ခြေစွမ်းပြမှုနဲ့ ဝေးလ်စ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့လို့ လက်ရှိမှာ ချက်နဲ့ ကွာတားဖိုင်နယ် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒိန်းမတ်ရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ် ဂိုးသမား ကတ်စပါ ရှမိုက်ကယ် အနေနဲ့ ၁၉၉၂ ယူရိုချန်ပီယံ အသင်းမှာ ပါဝင်ခဲ့တဲ့ ဖခင်ဖြစ်သူ ပီတာရှမိုက်ကယ်ရဲ့ အောင်မြင်မှုကို အမှီလိုက်ဖို့ အဆင့်သင့် ဖြစ်နေသလို မာတင် ဘရေ့သ်ဝိတ်၊ ဒမ်းစ်ဂတ်၊ ကတ်စပါ ဒိုးလ်ဘက်ဂျ်၊ မေးလ်၊ ဟွိုက်ဘယက်ဂျ်၊ ခရစ္စတန်ဆန်၊ ဗတ်စတာဂတ်၊ ဆိုင်မွန်ကရား၊ ဒီလာနီ တို့ရဲ့ စုဖွဲ့မှုကလည််း အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ စိတ်ဓာတ် မာကျောမှုနဲ့ ပတ်သတ်လာရင် ဒိန်းမတ် ဟာလည်း ချက်လိုပဲ ယူရို ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပြီး အစဉ်အလာရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ယူရို ၁၉၉၂ တုန်းက ဗိုလ်စွဲခဲ့သလို အခု ယူရို ၂၀၂၀ မှာရော မထင်မှတ်တဲ့ အနေအထား ကနေ ချန်ပီယံဆုကို နောက်တစ်ကြိမ် ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ နည်းပြ ကတ်စပါ ဟူဝယ်မန်း အနေနဲ့ ပြီးခဲ့တဲ့ ဝေးလ်စ်နဲ့ ပွဲတုန်းက လူစာရင်းကိုပဲ ပြန်လည် အသုံးပြုလာနိုင်ပြီး အခုပွဲမှာတော့ ဒန်နီဝက်စ် ပြန်ပါလာနိုင်ပေမယ့် ပိုလ်ဆင် ကတော့ ဒဏ်ရာ ပြသနာကြောင့် ပါဝင်လာနိုင်ဖို့ ရှိမရှိ ဆိုတာတော့ မသေချာသေးပါဘူး။ ပိုလ်ဆင် မပါလာနိုင်ရင်တော့ ချက်ရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ အနည်းငယ် ခက်ခဲနိုင်ပြီး ကွင်းလယ်ပိုင်းက သိပ်ပြီး ပြောစရာမရှိသလို ခံစစ် ကလည်း ချက်ရဲ့ အမြင့်ဘောတွေ တားဆီးဖို့ ဗက်စတာဂတ်၊ ကဂျား၊ ခရစ္စတန်ဆန်တို့ အမာခံရှိနေလို့ စိတ်ပူစရာတော့ မရှိပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချက်နဲ့ ဒိန်းမတ်တို့ရဲ့ သမိုင်းကြောင်း အစဉ်အလာအရ ကြည့်မယ် ဆိုရင် ၁၉၉၈ ခုနှစ် နောက်ပိုင်း ကစလို့ အနိုင်/အရှုံး ရလဒ်ထက် သရေရလဒ် ထွက်ပေါ်ခဲ့တာက ပိုများခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် အလွန် ကာလတွေ အထိ ချက်တို့ အသာရခဲ့တာ တွေ့ရပြီး အခုနောက်ပိုင်း မှာတော့ ဒိန်းမတ်က နည်းနည်းလေး ပြန်သာနေတဲ့ အခြေအနေမှာ ရှိပါတယ်။ မှတ်မှတ်ရရ ၂၀၀၄ ယူရိုမှာ ချက်က ခိုလာနဲ့ မီလန် ဘားရို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်ထားခဲ့ဘူးပါတယ်။ အဲ့နောက်ပိုင်း ဒိန်းမတ်တို့ ယူရို ပြိုင်ပွဲကို လက်ရှိ ယူရို ၂၀၂၀ မှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ပြန်လည် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် နိုင်ငံတကာ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်အထိ ရှိခဲ့ပြီး ချက်/ချက်ကိုဆလိုဗက်ကီးယား က ၁၃ ကြိမ်အထိ အနိုင်ရပြီး၊ ဒိန်းမတ်က ၂ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ၄ ပွဲသရေ သရေကျထားပြီး၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒိန်းမတ် က ၃ ဂိုးပြတ်နဲ့ ၁ ကြိမ်သာ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ချက် – ဒိန်းမတ် 1×2 သရေ @ 3.20
ဇူလိုင် လ ၃ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ ချက် အတွက် ၃.၈၀ ဆနဲ့ ဒိန်းမတ် အတွက် ၂.၁၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲက ခန့်မှန်းရခက်ပါတယ်။ အစဉ်အလာအရ ချက် အသာရခဲ့ပြီး လက်ရှိ ခြေစွမ်းပိုင်းနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အပိုင်းမှာတော့ ဒိန်းမတ်က နည်းနည်းလေး ပိုသာနေပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အနိုင်/အရှုံး အဖြေပေါ်ဖို့ ခက်ခဲ့တဲ့ ဒီနှစ်သင်းစလုံးရဲ့ အဓိက မောင်းနှင်အားဟာ အသင်းလိုက် ကစားပုံနဲ့ စိတ်ဓာတ် ဖြစ်နေလို့ အပြန်အလှန် အကြိတ်အနယ် ကစားရင်း မိနစ် ၉၀ ရလဒ် ကတော့ သရေဖြစ်သွားမယ်လို့ ထင်ပါတယ်။ နောက်တစ်ဆင့် တက်မယ့် အသင်းကို ရွေးပါဆိုရင်တော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား ပိုများတဲ့ ဒိန်းမတ်ကိုပဲ သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်