နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တဒင်္ဂအမှားကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ရေးသွားရတဲ့ လိမ္မော်ရောင်တပ်သားများ – ယူရို ၂၀၂၀ ပွဲပြီး သုံးသပ်ချက်

နယ်သာလန် ၀ – ၂ ချက်

(သောမက်စ် ဟိုးလ်စ် ၆၈’၊ ပက်ထရစ်ရှစ်ခ် ၈၀’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့် အစောပိုင်း ပွဲစဉ်မှာတော့ နယ်သာလန်တို့ ချက်ကို မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာသွားခဲ့ရပါတယ်။ ဒုတိယပိုင်း အစ ၁၀ မိနစ်လောက်မှာ ဒက်ချ် နောက်ခံလူ မားသီးယက်စ် ဒလစ်ဂျ်အနေနဲ့ မထင်ထားတဲ့ ပြစ်ဒဏ်ကို ကျူးလွန်မိခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာက ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်တို့ ဒီနေ့ပွဲမှာ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး ၁၀ ယောက်တည်းနဲ့ ကစားရလို့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ဒီဖြစ်ရပ် မကြုံခဲ့ရင်လည်း ခြေစွမ်းပိုင်းအရ မိနစ် ၉၀ အတွင်းမှာ ချက်ကို အနိုင်ရဖို့ မလွယ်လောက်ပါဘူး။ ချက်ကလည်း ထောင့်ကန်ဘောတွေ၊ တန်ပြန်တိုက်စစ်တွေကိုပဲ အားကိုးပြီး နယ်သာလန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်လာတဲ့ အတွက် ဒလစ်ဂျ် အနီကတ် မပြခံရခင် အချိန်ထိ စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့် ရှားခဲ့ပါတယ်။ အနီကတ်ပြခံရခြင်း အကြောင်းရင်း ကတော့ တန်ပြန် တိုက်စစ်ကနေ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် ထိုးဖောက်လာခဲ့တာကို ဒလစ်ဂျ် တားဆီးရင်း ကနေ လူကာပြီး ကစားခဲ့တာ အပြင် လက်နဲ့ ပုတ်ထုတ်မိခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ရုရှား ကွင်းလယ်ဒိုင် ဆာဂျီ ကာရာဆက်ဗ်က အဝါကတ်ပြားသာ ပြခဲ့ပေမယ့် VAR ပြန်ကြည့်ဖို့ ချက်ကစားသမားတွေ တောင်းဆိုခဲ့ရာကနေ ဒလစ်ဂျ်ဟာ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ကြောင်း ပေါ်လွင်ခဲ့လို့ အနီကတ် ပြန်လည်ပြသပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒလစ်ဂျ် အနေနဲ့ အခုလိုမျိုး လုံးဝကို မလုပ်သင့်တာ ဖြစ်ပါတယ်။ ပက်ထရစ်ခ်ရှစ်ကို လွှတ်ပေးလိုက်ရင် ဂိုးပေးရနိုင်ပေမယ့် ဖြစ်နိုင်ချေက ၅၀/၅၀ ပါ။ ပြီးတော့ ကိုယ်ဟန် အနေအထားအရ ချက်တိုက်စစ်မှူး အတွက် ထိထိမိမိ ကန်သွင်းနိုင်ဖို့ ဆိုတာ မလွယ်ကူတာ တွေ့ရပါတယ်။ ဒီအချက်ကို ကြည့်တာနဲ့ ဒလစ်ဂျ်ဟာ လူငယ်ကြယ်ပွင့် ဖြစ်ပေမယ့် ဆုံးဖြတ်ချက်တဲ့ နေရာနဲ့ အတွေ့အကြုံပိုင်း မှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာ ပေါ်လွင်ပါတယ်။

နောက်တစ်ယောက် ကတော့ ပက်ထရစ်ခ် ရှစ်ခ် ဖြစ်ပြီး လက်ရှိ ယူရို ၂၀၂၀မှာ သူ့အတွက် ၄ ဂိုးမြောက် သွင်းဂိုး ရရှိခဲ့တာ ဖြစ်သလို ရရှိခဲ့တဲ့ ဂိုးကလည်း တကယ့်ကို အရည်အသွေး ပြည့်မီခဲ့ပါတယ်။
နယ်သာလန် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး အနိုင်ရခဲ့တဲ့ ချက်

ဒီဖြစ်ရပ် မတိုင်ခင်မှာ စက္ကန့်ပိုင်းမှာ နယ်သာလန် တိုက်စစ်က မယ်လန် အပိုင်အခွင့်အရေး ရရှိခဲ့ပေမယ့် အဆုံးသတ် ညံ့ဖျင်းလွန်းခဲ့တာ ကလည်း ဖြစ်ရပ်နဲ့ မသက်ဆိုင်ပေမယ့် နယ်သာလန်ရဲ့ ရည်မှန်းချက် အိမ်မက် ကိုတော့ ထိခိုက်စေခဲ့တဲ့ အကြောင်းအရင်း ဖြစ်ခဲ့ပါတယ်။ ကစားသမား အမှားလုပ်မိလို့ အသင်းယိုင်နဲ့သွားတဲ့ အချိန်မှာ ဖရန့်ခ် ဒီဘိုးဝါးရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ အမှားကလည်း ချက်ကို အနိုင်ရဖို့ သေချာစေခဲ့ပြန်ပါတယ်။ ဒီဘိုးဝါး အနေနဲ့ တိုက်စစ်က မာလန်ကို ထုတ်ပြီး ကွင်းလယ်ကစားသမား ကွင်စီ ပရုမ်းစ်ကို ကစားစေခဲ့ပေမယ့် အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ ကွင်းလယ် ကစားသမားတွေ စုပြုံသွားပြီး ကစားရ ပိုကြပ်သွားတာသာ ရှိခဲ့ပါတယ်။ ပိုဆိုးတာက ၆၈ မိနစ်မှာ ချက်အတွက် သောမက်စ်ဟိုးလ် ဦးဆောင်ဂိုး သွင်းယူသွားတဲ့ အချိန် ဒီဘိုးဝါး အနေနဲ့ ချေပဂိုး ရလိုစောနဲ့ ဝက်ဂ်ဟော့တ်စ်၊ ဘာ့ဂ်ဟူးဝစ်တို့လို တိုက်စစ်မှူးတွေကို ထပ်ထည့်ခဲ့ပေမယ့် ခံစစ် အတွက် ကိုတော့ တင်ဘာ တစ်ဦးတည်း အားဖြည့်ခဲ့လို့ နောက်တန်းက လုံးဝဟာထွက်သွားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာ ချက်အတွက် အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံခွင့်ပြုခဲ့ရ ပါတယ်။ ဒီဂိုးကိုတော့ ပထမဂိုးသွင်းပေးခဲ့တဲ့ သောမက်စ်ဟိုးလ်ရဲ့ ဂိုးဧရိယာထဲ ပြန်ချိုးပေးတဲ့ ဘောလုံးကို ပက်ထရစ်က အမှားအယွင်းမရှိ ဂိုးသမားရဲ့ အနီးတိုင်ဘက်ခြမ်းကိုပဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ ချက်တို့ ပွဲကို ထိန်းကစားခဲ့လို့ နယ်သာလန်တို့ မထင်မှတ်ပဲ ၂ ဂိုးပြတ် ရလဒ်နဲ့ ရှုံးပြီး ယူရို ၂၀၂၀ ကနေ စောစောစီးစီး အိမ်ပြန်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နယ်သာလန်က အပေါ်အသင်း ဖြစ်ပြီး ချက်က အောက်သင်းပါ။ မာကျောမှုကိုပဲ အသားပေး ကစားနိုင်တဲ့ ချက်အတွက် မျှော်လင့်စရာ ဆိုလို့ ထောင့်ကန်ဘောတွေ၊ ဖြတ်တင်ဘောတွေနဲ့ တန်ပြန်တိုက်စစ် ကနေ ဂိုးရနိုင်ချေပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးရဲ့ ကံကြမ္မာကို အလှည့်အပြောင်း ဖြစ်စေခဲ့တာက ပွဲကစားချိန် ၅၂ မိနစ်ပဲ ဖြစ်ပါတယ်။ အခွင့်အရေး ဖြုန်းတီးခဲ့သူက မာလန်၊ ပြိုင်ဘက်ကို အခွင့်အရေးပေးခဲ့သူက ဒလစ်ဂျ် ဆိုရင် ဖရန့်ခ်ဒီဘိုးဝါး ကတော့ နယ်သာလန် တို့ရဲ့ အရှုံးအတွက် ပါရမီ ဖြည့်ပေးခဲ့သူကြီးပေါ့။
 

ကြယ်ပွင့် ကစားသမား – သောမက်စ် ဟိုးလ်စ်

(စာရေးသူ စိတ်ကြိုက်ကစားသမား –  သောမက်စ် ဟိုးလ်စ်)

ဒီနေ့ပွဲအတွက် ကြယ်ပွင့်ကစားသမားဆုကို သောမက်စ် ဟိုးလ်စ်ကို ပေးရင်ပေး။ မပေးရင်တော့ ပက်ထရစ်ရှစ်ခ်ကိုပဲ ပေးရမှာပါ။ ချက်တစ်သင်းလုံးရဲ့ စွမ်းဆောင်မှုဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့သလို တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးခဲ့တဲ့ သောမက်စ်ဟိုးလ်စ် ဟာလည်း ဒီဆုနဲ့ ထိုက်တန်ခဲ့ပါတယ်။ နောက်တစ်ယောက် ကတော့ ပက်ထရစ်ခ် ရှစ်ခ် ဖြစ်ပြီး လက်ရှိ ယူရို ၂၀၂၀မှာ သူ့အတွက် ၄ ဂိုးမြောက် သွင်းဂိုး ရရှိခဲ့တာ ဖြစ်သလို ရရှိခဲ့တဲ့ ဂိုးကလည်း တကယ့်ကို အရည်အသွေး ပြည့်မီခဲ့ပါတယ်။
 

ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ

·       ချက်ကိုဆလိုဗက်ကီးယား/ချက်ရီပက်ဘလစ် တို့ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ကွာတားဖိုင်နယ် ၅ ပွဲ ကစားခဲ့ရာမှာ ၄ ပွဲ အထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

·       ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ပွဲ အပါအဝင် နယ်သာလန်တို့ ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့် နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေ၊ ၃ ပွဲရှံးနိမ့်ခဲ့ပါတယ်။

·       နယ်သာလန်တို့ ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။

·       ချက်ဟာ နယ်သာလန်နဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၇ ကြိမ်မှာ ၅ ကြိမ်အထိ အနိုင်ရခဲ့ပါတယ်။

·       နယ်သာလန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ၂ ဂိုးနဲ့ ၂ ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ပွဲ ၅ ပွဲအထိ ရှိခဲ့ပါတယ်။

·       ချက်တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ၉ ပွဲမှာ ၁ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာ ၃ ပွဲပဲ ရှိပါတယ်။

·       သောမက်စ်ဟိုးလ်စ် ဟာ ယူရို ၂၀၀၄ ဒိန်းမတ်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မီလန် ဘားရို့စ်ပြီးရင် ရှုံးထွက်အဆင့်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်ပါတယ်။

 

လာမယ့် ပွဲစဉ်များ

ချန်ပီယံလမ်းကြောင်း ထင်သလောက် မကြပ်ခဲ့တဲ့ နယ်သာလန်ကတော့ ဝေးကွာနေတဲ့ ဥရောပ အောင်မြင်မှု ရရှိဖို့ အကောင်းဆုံး အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ဒလစ်ဂျ်ရဲ့ တဒင်္ဂအမှားနဲ့ နည်းပြ ဖရန့်ခ် ဒီဘိုးဝါးရဲ့ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက် အမှားတွေကြောင့် ရှုံးထွက်အဆင့်ကနေ စောစောစီးစီး နှုတ်ဆက်သွားရတာ ဖြစ်ပါတယ်။ အနိုင်ရသွားတဲ့ ချက် ကတော့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားပြီး လာမယ့် ဇူလိုင်လ ၃ ရက်နေ့၊ ဘာကူကွင်းမှာ ဒိန်းမတ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်