နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ် တက်သွားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၃-၀ လိုက်ပ်ဇစ်

ယနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီက လိုက်ပ်ဇစ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီမာရီယာရဲ့ ခြေစွမ်းပြမှုနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ် အဆင့်ထိတက်လှမ်းနိုင်ခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ အခုပွဲမှာတော့ ပီအက်စ်ဂျီ ကို နည်းစနစ်ပိုင်းမှာရော ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းမှာပါ မယှဉ်နိုင်ခဲ့လို့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆရာတပည့်နှစ်ယောက်ရဲ့ တွေ့ဆုံမှုမှာတော့ ဆရာထက်တပည့် လက်စောင်းမထက်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပြီး သောမက်စ်တူချယ် ရဲ့ နည်းစနစ်ကို နေဂဲလ်စ်မန်း ဘယ်လိုမှ မကျော်နိုင်ခဲ့တာကို တွေ့ရပါတယ်။ တူချယ်အနေနဲ့ တိုက်စစ်မှာ အီကာဒီအစား ဒဏ်ရာကပြန်သက်သာလာတဲ့ အန်ဘာပေးကို နေမာနဲ့ တွဲဖက်စေပြီး ပွဲပယ်ပြစ်ဒဏ်ပြီးလို့ ပြန်လာတဲ့ ဒီမာရီယာကို အားဖြည့်လိုက်တာကြောင့် ပီအက်စ်ဂျီတိုက်စစ် မြိုင်သွားခဲ့ဝာာ ဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြတူချယ်ကို ချီးကျူးပြီးရင် တောင်ပံက ဒီမာရီယာကို ချီးကျူးရမှာပါ။ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ ဒီမာရီယာဟာ သွင်းဂိုး၃ဂိုးစလုံးမှာ ပါ၀င်ပတ်သတ်ခဲ့ပါတယ်။ နောက်ပြီးတော့ သူဂိုးသွင်းယူတဲ့ ၁၇ပွဲလုံး ပီအက်စ်ဂျီတို့ အနိုင်ရထားခဲ့ပါတယ်။ လိုက်ပ်ဇ်ကတော့ ဒီအဆင့်ထိ တက်လာနိုင်တာကိုပဲ ချီးကျူးရမှာ ဖြစ်ပြီးတော့ သက်တမ်း ၁၀နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ ကလပ်တစ်ခု အတွက် ချန်ပီယံလိဂ်မှာ လေးစားလောက်တဲ့ စွမ်းဆောင်မှု ကိုပြသနိုင်ခဲ့တာပါ။ လိုက်ပ်ဇ်အနေနဲ့ ပွဲအစပိုင်းလောက်မှာ ပီအက်စ်ဂျီဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှု‌တွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အမှားနှစ်ခု၊သုံး‌ခုလောက်က ပွဲကို ‌အဖြေထုတ်ပေးသွားခဲ့ဝာယ်လို့ နည်းပြ နေဂဲလ်စ်မန်းကိုယ်တိုင် ၀န်ခံထားခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ တစ်ဖက်က ဘေယန်မြူးနစ် ဒါမှမဟုတ် လိုင်ယွန်နဲ့ ဗိုလ်လုပွဲကစားရတော့ မှာဖြစ်ပြီး ၂၃နှစ်အကြာမှာ ပထမဆုံးအကြိမ် ဥရောပဘောလုံးပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်တစ်ခုကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ‌ တက်ခဲ့တဲ့ ပီအက်စ်ဂျီတို့ ဖလားရခဲ့မယ်ဆိုရင်တော့ မာဆေးလ်ပြီးရင် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားရဖူးတဲ့ ပြင်သစ်ကလပ် ဖြစ်လာမှာပါ။
 

အထင်ကရအချက်အလက်များ

ပွဲရဲ့အခြေအနေကို ပြန်သုံးသပ်ရမယ်ဆိုရင် လိုက်ပ်ဇစ်တစ်သင်းလုံးရဲ့ ခြေစွမ်းဟာ ပုံမှန်လောက်ပဲရှိခဲ့ပြီး ပီအက်စ်ဂျီကတော့ တစ်ဆင့်မြင့်တဲ့ စွမ်းဆောင်ရည်ရှိခဲ့လို့ ၃ဂိုးထိ ပြတ်သွားတာဖြစ်ပါတယ်။ လိုက်ပ်ဇစ်တိုက်စစ်က အသင်းခေါင်းဆောင် ယူဆက်ဖ် ပိုလ်ဆင် ဦးဆောင်လာပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုမလုပ်နိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီနဲ့ စုစုပေါင်း ဂိုးပေါက်ကန်ချက် အကြိမ်ရေ တူတူပဲဆိုပေမယ့် ဂိုးပေါက်တည့်မှု ၁၄ကြိမ်မှာ ပီအက်စ်ဂျီက ၉ကြိမ်ရှိခဲ့ပြီး လိုက်ပ်ဇစ် ကတော့ ၃ကြိမ်ပဲရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဂိုးတွေကိုတော့ ၁၃ မိနစ်မှာ မာကွင်ဟို၊ ၄၂မိနစ်မှာ ဒီမာရီယာနဲ့၊ ၅၆မိနစ်မှာ ဘာနတ်တို့ကသွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကတော့ အပိုင်အခွင့်အရေး ၃ကြိမ်စလုံး လွဲချော်ခဲ့ပေမယ့် ဂိုးဖန်တီးမှု တစ်ကြိမ်တော့ ပြုလုပ်ပေးသွားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ကစားပုံဟာ တိုက်စစ်မှူး အန်ဘာပေ အပေါ် မူတည်နေခဲ့တာကို အရှင်းသားမြင်တွေ့နေရတာ ဖြစ်လို့ ဗိုလ်လုပွဲမှာ အခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသဖို့ လိုအပ်နေပါသေးတယ်။
 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ ကလပ်တည်ထောင်တဲ့ နှစ် ၅၀ပြည့်ချိန်မှာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာ ရောက်နေခဲ့ပါတယ်။ အခုလို အခြေအနေတစ်ခုရောက်ဖို့ ငွေကြေးမြောက်မြားစွာ ရင်းနှီးထားရတဲ့ ကာတာအုပ်စုသူဌေး‌တွေရဲ့ အိမ်မက်ဟာ တကယ်ဖြစ်လာနိုင်မလားဆိုတာ ဗိုလ်လုပွဲက အဖြေထုတ်ပေးသွားမှာပါ။ တစ်ဖက်က ဘေယန်မြူးနစ်နဲ့ လိုင်ယွန် ပွဲကအနိုင်ရတဲ့သူနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် သရဖူဆီသွားရာလမ်းက သိပ်တော့ မဖြောင့်ဖြူးလှပါဘူး။ ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ ဘောလုံးအားကစားနဲ့ မထင်မှတ်တာတွေ ဖြစ်တတ်တဲ့ ချန်ပီယံလိဂ်ကြောင့် ပွဲပြီးတဲ့ အထိကြည့်ရင်း ရင်ခုန်ကြရဦးမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်