နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်းတွေနဲ့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်သွားပြန်တဲ့ဆီဗီလာ

၀ုဗ်၁-၂ဆီဗီလာ

ဆီဗီလာကတော့အကောင်းဆုံးပုံစံနဲ့ယူရိုပါလိဂ်မှာရှေ့ဆက်နေပါပြီ။ဥရောပပြိုင်ပွဲအတွေ့အကြုံရင့်တဲ့အသင်းတစ်သင်းပီပီကွာတားဖိုင်နယ်မှာလည်းဝုဗ်ကိုအကောင်းပုံစံနဲ့ထိန်းချုပ်ပြီးသွင်းဂိုးတစ်ဂိုးတည်းနဲ့အနိုင်ယူခဲ့ပြန်ပါတယ်။ဝုဗ်တို့ဥရောပပြိုင်ပွဲသမိုင်းကြောင်းကောင်းကောင်းမရှိပေမယ့်ဆီဗီလာကိုအတတ်နိုင်ဆုံးတုံပြန်ကစားခဲ့ပါတယ်။အစောပိုင်းပွဲကစားချိန်မှာဝုဗ်ပင်နယ်တီရခဲ့ပေမယ့်အဓိကတိုက်စစ်မှူးဂျင်မီနက်ဇ်လွဲချော်ခဲ့လို့ဆုံရှုံးမှုကြီးခဲ့တယ်ပြောရမှာပါ။ပွဲချိန်တော်တော်များများထိန်းချုပ်ကစားသွားခဲ့တဲ့ဆီဗီလာတို့ရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်ဒီနှစ်ယူရိုပါလိဂ်ဆုဖလားကိုမျှော်လင့်နိုင်တဲ့အသင်းတွေထဲမှာပါ၀င်နေကြောင်းသက်သေပြနေသလိုပါပဲ။စပိန်အသင်းတွေရဲ့ပုံစံအတိုင်းမြန်နှုန်းမြင့်ကစားပုံနဲဝုဗ်ကိုရင်ဆိုင်သွားခဲ့တဲ့ဆီဗီလာတို့ယူရိုပါလိဂ်ဆီမီးဖိုင်းနယ်နဲ့ ထိုက်တန်ခဲ့ပါတယ်။

 

အထင်ကရအချက်အလက်များ

ဒီပွဲမှာဆီဗီလာတို့ဘောလုံးပိုင်ဆိုင်မှု၇၅ရာခိုင်နှုန်းထိရှိခဲ့ပြီးတော့ဂိုးပေါက်ခြိမ်းခြောက်မှု၁၈ကြိမ်မှာဂိုးပေါက်တည့်မှု၅ကြိမ်နဲ့ပိတ်ဆို့ကာကွယ်ခံရမှုက၈ကြိမ်ထိရှိခဲ့ပါတယ်။ဆီဗီလာရဲ့ဘယ်တောင်ပံနဲ့ညာတောင်ပံနှစ်ဖက်အတက်အဆင်းလျင်လျင်မြန်မြန်နဲ့ကစားသွားခဲ့ပြီးတော့ဆူဆို၊အိုကမ်ပိုစ့်၊ရက်ဂီလွန်၊ဘက်နီဂါတို့ခြေစွမ်းတော်တော်လေးပြနိုင်ခဲ့ပါတယ်။ဝုဗ်အသင်းအနေနဲ့ထရာအိုရေး၊ရူဘင်နားဗက်စ်နဲ့ဗနာဂရီတို့အကောင်းဆုံးပုံစံမှာရှိခဲ့ပါတယ်။ဒါပေမယ့်တိုက်စစ်ကအားထားရတဲ့ဂျင်မီနက်ဇခြေမပေါ်သလို၁၃မိနစ်မှာရတဲ့ပင်နယ်တီကိုလွဲချော်စေခဲ့ပါတယ်။ဝုဗ်ရဲ့ခံစစ်ကြောင်းကဒီပွဲမှာအလုပ်ဖြစ်ခဲ့ပေမယ့်တောင်ပံကတရစပ်ထိုးဖောက်နေတဲ့ဆီဗီလာတို့ပွဲချိန်၈၈မိနစ်မှာအနိုင်ဂိုးရသွားပါတယ်။ဘနက်ဂါရဲ့ကန်တင်ပေးပို့မှုကိုခြေစွာ‌နေတဲ့အိုကမ်ပိုစ့်ကလှလှပပခေါင်းတိုက်ပြီးအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်တော်တော်များများဆီဗီလာတို့ထိုးဖောက်တိုက်စစ်ဆင့်နိုင်ခဲ့ပေမယ့်အိုကမ်ပိုစ့်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကယူရိုပါလိဂ်ဆီးမီးဖိုင်နယ်အဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အိုကမ်ပိုစ့်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကယူရိုပါလိဂ်ဆီးမီးဖိုင်နယ်အဆင့်ကိုပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆီဗီလာကိုအကောင်းဆုံးတုန့်ပြန်ကစားခဲ့ပေမယ့်နောက်ကျဂိုးနဲ့နှုတ်ဆက်ခဲ့ရတဲ့ဝုဗ်

လာမယ့်ပွဲစဉ်များ

ဆီဗီလာတို့လာမယ့်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ထိပ်တိုက်တွေ့နေပါပြီ။အကောင်းဆုံးခြေစွမ်း‌တွေနဲ့အတူဒီအဆင့်ကိုရောက်ရှိလာခဲ့တဲ့ဆီဗီလာအသင်းရောမန်ချက်စဝာာယူနိုက်တက်အသင်းပါယူရိုပါလိဂ်ချန်ပီယံဆုအတွက်ထင်ကြေးပေးခံထားရလို့ပွဲကောင်းတွေဖြစ်လာဦးမှာပါ။ဝုဗ်ကတော့ပရီးမီးယားလိဂ်မှာအဆင့်၇နေရာရပ်တည်နိုင်ခဲ့ပြီးယူရိုပါလိဂ်မှာကွာတားဖိုင်နယ်အဆင့်ထိတက်နိုင်ခဲ့လို့ဒီနှစ်ကတော့မြေခွေးတွေအတွက်အပေါင်းရလဒ်ဆောင်တဲ့ရာသီဖြစ်ခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်